အတ္တကို အသက်သွင်းခြင်း..
- ယုံကြည်မှုအစစ်အမှန်လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးနေသူတွေကို အပြစ်စကားပြောကြတယ်။ မပြောနဲ့။ လူတစ်ကိုယ် ထင်တစ်လုံးပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့သူဟာ အလုပ်လုပ်တဲ့နေရာမှာ သိပ်အကျိုးရှိတယ်။ သောကကို ဖြေရှင်းရာ၊ ပေါင်းသင်းဆက်ဆံရာ၊ ပြဿနာဖြေရှင်းရာ၊ ပညာရေးနှင့် ဖိုမဆက်ဆံမှုတွေမှာ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့သူက သာတယ်။ ကိုယ့်ကိုယ်ကို အထင်ပြန်ကြီးချင်ရင် တချို့ကိစ္စတွေကို ပြန်စစ်လိုက်။ သတ […]
- မှတ်သားမိသော စကားများစကားလည်း မလွန်စေနဲ့၊ လူလည်း မလွန်စေနဲ့လိမ္မာချင်ရင် မမိုက်နဲ့၊ မိုက်ချင်ရင် မလိမ္မာနဲ့ ဘောင်ဘင်ခတ်တယ်ဆိုတာ ကြားဖူးမှာပေါ့။ အေး ဘောင်ဘင်ခတ်တိုင်း ပတ်ဝန်းကျင်ကို မထိခိုက်ပဲ မနေဘူး။ ဒါကြောင့် ပညာကို ဘောင်ဘင်ခတ်နေရုံ မလေ့လာပါနဲ့။ အဆုံးထိ လေ့လာပါ။ ကိုယ့်ဘ၀ကို ကျေနပ် ရောင်ရဲသူဟာ ကိုယ့်ဥခွံထဲမှာ ကိုယ်ပျော်နေသူပဲ။ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ ကိုယ်ငုပ်လျှိုးနေသူဟာ တန […]
- ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၃)“ကျုပ်ကိုယ်ကျုပ် ယုံကြည်လက်ခံပြီးပြီဗျ” ယန်းပေါဆတ် လောကမှာ ကြီးပွားဖို့ တော်တော်ခက်တဲ့လူက ဘယ်သူမဆို ပေးနိုင် ရနိုင်တဲ့ ထင်မြင်ချက်ကို အရေးလုပ်တတ်တဲ့ သူပါပဲ။ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်တဲ့ အကျင့်မရှိရင် အဲဒီအကျင့်က လိုက်ပါ နှောင့်ယှက်တတ်တယ်။ ယီးတီးယားတား အကျင့်တွေကို အမြန်ဖျောက်ပစ်ပါ။ ဘယ်နေရာ ရောက်ရောက် လူသားတွေ အားလုံး နားလည်တဲ့ စကားက နှစ်မျိုးပဲ ရှိတယ်။ တ […]
- ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၂)တချို့က သူ့တို့ကို သူတို့ ဉာဏ်စွမ်းဉာဏ်စ ရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေကြတယ်။ ဉာဏ်စွမ်း ဉာဏ်စ ဘယ်လောက်ရှိရှိ လက်တွေ့လုပ်တာလောက် ဘယ်အရာမှ သက်ရောက်မှု မရှိဘူး။ အကျိုး မရဘူး။ လူညံ့ဟာ ဘယ်သောအခါမှ မအောင်။ လူအောင်သည် ဘယ်သောအခါမှ မညံ့ တဲ့။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးနေတာလောက် ကျရှုံးလွယ်တာ မရှိပါဘူး။ အများညီရင် ဤ ကို ကျွဲဟု ဖတ်ရမယ်တဲ့။ အားလုံးက တညီ […]
- ဗဟုသုတလေးများဘိက္ခုနီသာသနာ ဘိက္ခုနီသာသနာသည် သာသနာနှစ် (၅၀၀) ကျော်တွင် ပြတ်စဲခဲ့သည်။ အသောကမင်းကြီး ပါဋလိပုတ်ပြည် တတိယသင်္ဂါယနာ(သာသနာနှစ် ၃၀၄ [ဘီစီ ၂၄၀])တွင် အရှင်မဟာမဟိန္ဒ၏ ညီမတော် သံဃမိတ္တာသာလျှင် နောက်ဆုံး ဘိက္ခုနီအဖြစ် သာသနာ့သမိုင်းတွင် တွေ့ရသည်။ ထို့ကြောင့် ထိုသံဃမိတ္တာ ပျံလွန်တော်မူပြီးနောက် ဘိက္ခုနီသာသနာ စတင်ပျောက်ကွယ်သည်။ မြန်မာမင်းဆက်များ သီပေါမင်းပါတော်မူပြီးနောက် မြန်မာန […]
- ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၁)ယုံကြည်ခြင်းနဲ့ အလားတူတဲ့ စိတ်က လိင်စိတ်ပါပဲ။ လိင်စိတ်ကို ယုံကြည်မှုဘက် ဆွဲသွားနိုင်မယ်ဆိုရင် ဘ၀မှာ မအောင်မြင်တဲ့ အချိုးအကွေ့ ဆိုတာ မရှိပါဘူး။ လက်ထပ်တယ်။ လင်မယားဖြစ်တယ်။ သား သမီးရတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် ပြင်းထန်တဲ့ ရာဂနှင့် တစ်ယောက်ကိုတစ်ယောက် မနမ်းခဲ့ဖူးဘူး။ မပွေ့ဖက်ခဲ့ဖူးဘူးဆိုရင် ဆွဲငင်မှုကြီးမားတဲ့ အောင်မြင်ချင်စိတ်ကို သူတို့ပိုင်မှာပဲ။ အောင်မြင်ချင် […]
- အသည်းကွဲရေဒီယိုသူသည် အရက်ဆိုင်ထဲမှ ခေါင်းငိုက်စိုက်ချကာ အပြင်ထွက်လာသည်။ သူက ခြေကို ရှေ့ဘယ်ဖက် ဆက်လှမ်းရမှန်း မသိဖြစ်နေသည်။ အရှေ့ဘက် လမ်းမလိုလုပ်ပြီး အနောက်ဖက်သို့ လှမ်းသည်။ သူ့ဦးနှောက်ထဲတွင် အနောက်ဘက်တွင် သူတောင်းစားများနေသော အိမ်တစ်လုံး ရှိသည်ကို သတိတစ်ချက် ရလိုက်သောကြောင့်ဖြစ်သည်။ ထိုစဉ် သူ့ရှေ့သို့ ကားတစ်စီး လာထိုးရပ်သည်။ ကားက တကယ့်အကောင်းစား နောက်ဆုံးမော်ဒယ်နဲ့ ကားဖြစ […]
- ဒိုင်ယာရီ အဟောင်းမှ (၃)၁ နှင့် ၂ ကို အသုံးချရလို့ မဖြစ်နိုင်တော့ရင် ၃ ကို အသုံးချရမှာပဲ။ ဘယ်လိုလဲ။ အစီအစဉ် တစ်ခုကို ဆွဲလိုက်တယ်။ ၁က ဒီလိုလုပ်မယ်။ ၁ မဖြစ်ခဲ့ရင် ၂ လုပ်မယ်။ ၁ ရော ၂ရော မဖြစ်နိုင်တော့ရင်တော့ ၃ နဲ့ စခန်းသွားရမှာပဲ။ တတိယနည်းလမ်းပေါ့။ လေမတိုက်ရင် တက်မကိုင်ပြီး လှော်မှ လိုရာခရီး ရောက်မယ်လေ။ အကူအညီပေးနိုင်တဲ့ လက်ဟာ ဘယ်ကို ကြည့်ရမလဲ။ လက်မောင်းရင်းကို ကြည့်ရမယ်။ နေထိုင်လိုက် […]
- လင်္ကာလေးများစိတ်မြောက်ကိုယ်မြောက် မကွေ့ကောက်နှင့် ထောက်ထောက်ထားထား သတိနှင့်စဉ်းစား စကားဆိုလျှင် ထုံးကိုမှတ် တရားလိုလျှင် ရုံးကိုကပ် အမြတ်နှင့်အယုတ် အဆုတ်နှင့် အတက် အနက်နှင့် အတိမ် နှိုင်းဆချိန်။ (ညောင်ပင်သာ ဦးပညာ) ထို့ထက်တိုး၍ သူတော်လေ့ဖြင့် မမေ့မလျော့ မပေါ့မဆ အားထုတ်မှဟု ဆဆကြည်ညို ၀၀မ်းတွင်းသိုလျက် ကိုယ့်ကိုယ်ကိုယ်ပင် ဆရာတင်၍ သွင့်သင့်ဆင့်ကြ စေလေသောဝ် (ဆီးပန်းနီဆရာတော် […]
- ဟိုတွေး သည်တွေး ဟိုရေးသည်ရေး(၂)ဘာမှန်းတော့ ခုထိ တကယ် မသိပါဘူး။ twitter ရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတာ ခုထိ တကယ် မသိဘူး။ ဒါပေမယ့် သူများတွေရဲ့ ဘလော့စာမျက်နှာကို ကြည့်လိုက်တော့ twitter ဆိုတဲ့ widget လေးတွေ ထည့်ထားကြတယ်။ ဒါနဲ့ ကိုယ်လည်း အားကျမခံ သူများ တွစ်သလို လိုက်တွစ်ကြည့်မလို့ WP ထဲက ပေးတဲ့ wp-twitter တွေ တစ်ခုပြီး တစ်ခု လိုက်စမ်းတယ်။ တစ်ခုမှလည်း ရဘူး။ ဘယ်သူဘယ်ဝါကို သွားမေးရမှန်း မသိတော့ လ […]
