ဖရိုဖရဲ စိတ်ကူးတွေကို အလျဉ်းသင့်သလို ချရေးကြည့်ထားတာပါ…
- ဆုတောင်း*ငွေကြယ်ပွင့်တွေ ကြွေကာမှ သူ သတိရသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ဥသြငယ်တွေ တွန်သံသာမှ သူ လွမ်းသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ရွှေမိုးတိမ်တွေ ညို့မှိုင်းကာမှ သူ အောက်မေ့သလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *နှင်းမြူတွေ ဆိုင်းကာမှ သူ တမ်းတသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ပျံသန်းစဉ် ခရီးတစ်လျှောက် လိုအင်ဆန္ဒတွေ တတ်စွမ်းသလောက် ဖြည့်ဆည်းလို့ သူ တစ်ယောက် အတောင်ညောင […]
- သို့သော်(၁) ဗင်ဂိုးရေးဆွဲသည့် ကြယ်တွေ စုံတဲ့ညပန်းချီကားဖြင့် မျက်နှာဖုံး အလှဆင်ထားသော စာအုပ်တစ်အုပ်၏ ညို့ငင်မှုအောက်တွင် မျက်ဝန်းတစ်စုံ အငိုက်မိစွာ ကျဆုံးသွားသည် … ကျဆုံးသွားသော မျက်ဝန်းရှင်၏ လက်အစုံက ထိုစာအုပ်ကို ခပ်သွက်သွက် လှမ်းယူလိုက်သည် … မျက်ဝန်းရှင် လူငယ်သည် စာအုပ်ကို (၅) မိနစ်ခန့် စိတ်ဝင်တစား မြည်းစမ်းပြီးနောက် ပိတ်လိုက်သည် … စာအုပ်နောက်ကျောတွင် ကပ်ထားသည့် စေ […]
- စုန်းပူးသလို ရူးခဲ့ရတဲ့ ဒီဇင်ဘာမနေ့က စိတ်ကူးပေါက်တာနှင့် ကိုမင်းနောင်၏ မုန်းရစ်လေဦး သီချင်းကို နားထောင်ဖြစ်သည် … “… ♩ ♪ ♫ … အသံသာသာ နွေကြိုတေးကိုသာ … ♩ ♪ ♫ …” ဟင် ဘယ်လို ဘယ်လို ! ကျွန်မ ရှေ့နည်းနည်းပြန်ရစ်လိုက်သည် “… ♩ ♪ ♫ … အသံသာသာ နွေကြိုတေးကိုသာ … ♩ ♪ ♫ …” နွေကြိုတေး ! ဒါဖြင့် ဥသြက နွေလယ်မှာတင် တေးဆိုတတ်သည် မဟုတ်ဘဲ နွေမရောက်ခင်တည်းက နွေကြိုတေးကို တွန်ကျူးတတ်သည်ပေါ့ … ဒါဖြင့် ဥသြတွေ ရာ […]
- ရောဂါခဲတံ .. ဟောတော် ခဲတံက မေ့နေခဲ့ပြန်ပြီ…. အဲလို ကိုယ်သုံးနေကျ ပစ္စည်းတစ်ခုခု ပါမလာဘူး ၊ မေ့ကျန်ခဲ့တယ်ဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ ဘာဖြစ်မှန်းမသိဘူး … ဘာဖြစ်လို့များ မေ့ကျန်ခဲ့ပါလိမ့် … ဒီလောက်တောင်ပဲ ပေါ့ဆရသလား … သေသေချာချာကို ထည့်ဖို့ ထုတ်လိုက်ပါတယ် … ခုတော့ မှတ်မှတ်ရရကို မေ့ကျန်ခဲ့ပြီ …. စသည် စသည် တွေးရင်း စိတ်ထဲ ဘဝမကျနိုင်ဘူး … အမှန်တော့ ရောဂါပဲနော်… ခဲတ […]
- နောက်ဆုံး သို့မဟုတ် ပထမဆုံးသူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်… ခံစားချက်ဆိတ်သုဉ်းနေတော့ ခါတိုင်းရေးနေကျ စာတိုပေစလေးတွေတောင် ရေးချင်စိတ်မရှိ ဖြစ်သွားပါတယ်… နောက်ပြီး ဘယ်လိုခံစားချက်နဲ့ ရေးထားတဲ့ စာကိုမှ မခံစားချင်တော့ဘူး …. ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးချင်တော့ဘူး ….. ဒီတု […]
- စဉ့်အိုးကျွန်တော်တို့ နှစ်ယောက်သား ပြောဆိုစရာ စကားမရှိသလို နှုတ်ဆိတ်နေမိကြ၏ ။ နေရောင်ခြည်သည် ပြတင်းပေါက်ဘောင် ထောင့်ချိုးပေါ်တွင် ကြောင်ပေါက်စလေးတစ်ကောင်လို နူးညံ့စွာ ခွေအိပ်နေ၏ ။ ပန်းပွင့်တွေက အပြာရောင် အိပ်မက်များကို မက်နေကြသည်။ ရင်အုပ်နီနီနှင့် ငှက်ကလေးများက အိမ်ခေါင်မိုး တံစက်မြိတ်စွန်းတွင် ငြိမ်သက်စွာ ခိုနားနေကြ၏ ။ အတန်ကြာမှ ကျွန်တော်က… ” ဒါဆို… ငါ တကယ်ချစ်တဲ့သူဟ […]
- သူ့နေရာ” I’m a big big girl… In a big big world … It’s not a big big thing if u leave me… But I do do feel … That I do do will … Miss u much … Miss u much… “ “ကိုယ်နဲ့ မတန်တဲ့ သီချင်းတွေ ဆိုနေပြန်ပြီ ၊ ဘယ်ကလာ big big girl ကမှာလဲ ၊ […]
- ကဲ …… ဗျာခုတလောဗျာ …. ဘာဖြစ်နေတယ် မသိဘူး … အားလုံးက လွှတ်တင်နေကြတာပဲ …. မနက်စောစောဗျာ ဂျီတော့ခ်လေးမှ ဖွင့်ကာစရှိသေးတယ် … လူကို လာပြောတယ် ဒီဘလော့ကစာတွေက ကိုယ်တိုင်ရေးတာလားတဲ့ … ယုံရမှာတော့ ခက်တတ်တတ်တဲ့ … အွန် … ယုံအောင် အိမ်မှာ အကြမ်းလျှောက်ခြစ်ထားတဲ့ စာရွက်တွေ ယူပြရမယ့်ကိန်းနော်… ခက်တော့ ခက်နေပြီ … ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်တွေရေးတဲ့ စာတွေ ဖတ်ဖူးရင် ဘယ်လိုများ […]
- နှလုံးသား TTLကောင်မလေးရေ….. Network ကွန်ယက်တစ်ခုအတွင်းမှာ ပို့ချင်တဲ့ data တွေကို packet လို့ ခေါ်တဲ့ အပိုင်းလေးတွေပိုင်းပြီး ပို့ကြတယ်ဆိုပဲ … ပို့တဲ့ကောင်က source ၊ လက်ခံတဲ့ကောင်က destination လို့ခေါ်တာကို နင်သိပြီးသား ဖြစ်မှာပါ … အဲလို data တွေ ပို့ကြတဲ့အခါ စပို့လိုက်ပြီး သတ်မှတ်ကာလ ဘယ်လောက်အတွင်းမှာ လက်ခံတဲ့ဘက်(destination) ကို ရောက်ရမယ် ၊ မရောက်ရင် အဲဒီ packet ကို ဖျက် […]
- အမေနေ့ ( ပြာသိုလပြည့်နေ့ ) အမှတ်တရအမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား တူတူပါပဲ…. ဒါပေမယ့် ဒီပြာသိုလပြည့်နေ့ကို အမေနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အခါ အမေ့ကို တခြားနေ့တွေထက် ပိုပြီး အလေးအနက် ပြုမိပါတယ်…. ကိုယ်တိုင်တင် မဟုတ်ဘဲ တခြား သတိမထားမိသူတွေကိုလည်း ပြောပြ သတိပေးဖြစ်ပါတယ် …. အမေနေ့မှာ အမေနဲ့ပတ်သက်ပြီး တစ်ခုခု ရေးချင်ပါတယ် …. ဒါပေမယ့် ရေးနိုင်စွမ်းမရှိလို့ အမေနဲ့ […]
