သိင်္ဂါရ

သိင်္ဂါရ

ခြေခင်းလက်ခင်းသာတဲ့အခါ လာရောက်လည်ပတ်နိုင်ပါကြောင်း…

  • စစ်ပွဲ
    လက်နှစ်ဖက် ၊ ခြေထောက်နှစ်ဖက် ခေါင်းတစ်လုံး နဲ့ ပဲ စစ်ထွက်ခဲ့ရတယ် ။ မင်း အာဟာရ က သူ့ အာဟာရ လောက်တော့ ဗီတာမင် ပြည့်ဝချင်မှ ပြည့်ဝမယ် ။ မင်း သေနင်္ဂ က သူ့ သေနင်္ဂ လောက် မှော်” မအောင်တာမျိုး ဖြစ်ချင်လည်း ဖြစ်မယ် ။ သူ့ ဓါးလှံလေးမြှား က မင့် ဓါးလှံလေးမြှား ထက် ပစ်မှတ်ကို ချဉ်းကပ်တဲ့ နေရာမှာ ပို တိကျချင် ကျလိမ့်မယ် ။ စစ်ဆင်ဦးတာ ရှိမယ် ။ နယ်ပယ် အနေအထား အသာစီးရတာ ရှိမယ် […]
  • လာ … ရှေ့မှာ … အနာဂါတ်ဆိုတာ ရှိတယ်
    မှောင်လွန်းတယ်ကွယ် … မှော်ရုံမှ ဟုတ်ရဲ့လား ငါတို့ စိမ်းလန်းခြင်း မှားလာပြီ ထင်တယ် ။ နယ်ကျွံလာတဲ့ တံလျှပ်တွေကိုတော့ ရေ ” ထင် ပစ်ရအောင် လေ ။ ဂျူရီတွေကိုလည်း ပြောပြပေးပါဦး အလွမ်းကို အသက်ရှူရပ်အောင် လုပ်ခဲ့တာ ငါတို့ ပဲ ကွဲ့ …။   ။ 1st JANUARY 2001 Digg this! Buzz up! Stumble upon something good? Share it on StumbleUpon Share this on Technorati Post this to MyS […]
  • ကျွန်
    ဒီ ကဗျာကို ကူးယူဖော်ပြခွင့်ပြုခဲ့တဲ့ ကိုကောင်းကင်ကို (kaungkinko.blogspot.com) အား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ။ ရှေးရှေးတုန်းကတော့ နယ်ချဲ့တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။ ဒီဘက်ခေတ်မှာတော့ ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။ လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။ ကျွန်တော့် အဖြစ်က အိပ်မက်ထဲက ကမ္ဘာကို ကျွန်ရွာမှာမှ သွားရှာမိ […]
  • ကျွန်တော့် ကဗျာ ဆိုတာတွေကို ကျွန်တော်ကတော့ လုံးဝ မကြိုက်ပါ။
    ဆက်ဆက်စပ်စပ်  တစ်ယောက်အကြောင်း တစ်ယောက် ပြောဖြစ်ကြတော့ ကျွန်တော် `ကဗျာကောင်´ လို့ ကိုယ့် ကိုယ် ကို သမုတ်တယ် ။ အဲဒီ့ `ကဗျာ´ အပေါ် မင်းက ဘယ်လောက် ထဲဝင်ထားပါသလဲ မေးရင်တော့ ပြောရမယ် ။ ကဗျာ ဆိုတာ ကျွန်တော့် အတွက် ဒုတိယ ဘုရားသခင်ပဲ လို့ …။ နွေဦး ၊ ဂီတ ၊ ပန်းချီ ၊ ရုပ်ရှင် ခံစားနှစ်ခြိုက်ဖွယ် အာရုံအစုံစုံထဲ ကျွန်တော်က `ကဗျာ´ ဆိုတာမှာ မိန်းမော မိပါတယ် ။ ကာရံချိတ်ဆက် […]
  • ပြန်ပြောစရာကလည်း ဒီအကြောင်းပဲ ရှိတာ ခက်တယ်
    ထွန်ရေးငင်ခဲ့သမျှ မိုးခေါင်ခြင်းက ရင်ဘတ် ဆောင့်တွန်းလား တွန်းရဲ့ တစ်ရာသီလုံး အတိဒုက္ခရောက် ဥမမည် စာမမြောက်ခင် ကတည်းက ချုန်းချုန်းချ နေခဲ့ရတာပါလေ တကျွန်းကျ ရဲ့ လွတ်မြောက်မှု အိပ်မက်များလို ရှေ့ဆို ဘယ်လို ဘယ်ပုံ ပေါ့ ….. ကြော့ကြော့လေး ပဲ တွေး အသိတွေ ဝေစည်လာတော့မှ လွမ်းရကောင်းမှန်း သိလာ ဒီလိုနဲ့ တစ်နှစ်တင်းတင်း ပြည့်တဲ့အခါ ငါ က အဲဒီ့ သောကြာနေ့ တစ်ရက်ဆီပဲ ထပ်ကာ ထပ […]
  • ဗလာတစ်ခုမှာ ကဗျာ လို့ ဆိုတော့ …
    ညာဘက်အောက်ဒေါင့်ကို သွားကြည့်စရာ မလိုဘူး ။ သူ့ ထိရှပုံ သူ့ တင်ဆက်မှု အရ အောင်ချိမ့် နဲ့ မောင်ချောနွယ် ကို ကွဲကွဲပြားပြား သိလွယ် … ရေတွင်းဆို ရေဒွန်း လို့ ခေါ်တဲ့ အရပ်ဒေသ ရှိတယ် ။ ရေဒွန်း အသံမှာ ကိုယ့် ဧကန်ဖြစ်ခြင်းကို မြင်လွယ် … အမှတ်တံဆိပ်တစ်ခု လူသိများဖို့ရာ လို ကြော်ငြာနေရမယ့် ကုန်ပစ္စည်းမျိုးတော့ မဟုတ်ဘူး ခေတ်ပေါ် ၀တ်စားဆင်ယင်မှု ဆိုပြီး ခင်ဗျား ကို ဘယ်သူ ဂျင […]
  • ခေတ်ပေါ် အမေအကြောင်း ကဗျာ သို့မဟုတ် အမေအကြောင်း ခေတ်ပေါ်ကဗျာ သို့မဟုတ် ခေတ်ပေါ်အကြောင်း အမေကဗျာ
    အမေ့စိတ် နဲ့ အံမ၀င်ဘူး ဆိုတာ မေ့မေ့ သွားတယ် ။ နေ၀င်ရင် … မီးပြရင် … အသိုက်လေးထဲ ဘယ်အကောင် မျက်နှာညိုနေမလဲ တွေးတတ်တယ် ။ အဲဒါ အသိအမြင် မပါးနပ်မှု ပြောပြောပစ်မိ ရိုးရိုးကလေး မှ တကယ့် ရိုးရိုးကလေး ပဲ သိတာပေါ့ … ခမျာ … တတိယလှိုင်း အကြောင်းလည်း ကြားတာပဲ … စက်မှုလွန်ခေတ် ဆိုလည်း စကားစပ်လို့ ရတာပဲ … လူ့ အခွင့်အရေး နဲ့ နည်းပညာ ပေါက်ကွဲမှု တို့ ဘာတို့ … ခင်ဗျား တိတိပပ နား […]
  • စိတ်ကူးပျိုးပင်
    ကျက်သရေ” သညာလေးရေ … ငါ ပျိုးတစ်ပင် စိုက်ထားတယ် ။ ငါ့ သွေးစက်တွေလည်း မှန်မှန်လောင်းခဲ့တယ် ။ သံသယ နဲ့ ကလနားတွေကိုလည်း ပေါင်းနှုတ် ပေးခဲ့တယ် ။ သစ္စာမဲ့ခြင်းကိုလည်း ဆေးဖြန်းထားခဲ့တယ် ။ အချိန်တန်ရင်တော့ကွာ … ကြည်နူးခြင်းတွေ သီးကြမယ် ။ လွမ်းရှိုက်ခြင်းတွေ ရွက်ဖြာထွက်မယ် ။ လှိုက်မောမှု တချို့လည်း ငုံဖူးမယ် ။ နောက်ဆုံးမှာ … ကြေကြေကွဲကွဲလည်း သေဆုံးမယ် ။ ဆိုပေမယ့်လေ … မင့် […]
  • ရာဇသံ
    ကျက်သရေ” သညာလေးရေ … နှင်းဆီပျို တစ်ပင် ရဲ့ ဆူးရိုင်းနုတစ်ခက်လို ငါ့ ဘ၀ကို ခြံခြံရံရံ ပျိုးစိုက်ထားခဲ့ပါတယ် … ခြေနှစ်ဖက် အချ မှားရင်ပဲ ပြစ်ဒဏ် ဆိုတာ သင့်တတ်သတဲ့ … ဒီတစ်ခါတော့ … ပလက်ဖောင်းပေါ်က လျှောက်ကြည့်ရအောင်လား တို့တွေ နာတာရှည်ရောဂါလို တစ်ယောက် အပေါ် တစ်ယောက် ချစ်ခဲ့ကြပြီး ပဲ …။ 12th MAY 2001 Digg this! Buzz up! Stumble upon something good? Share it on Stum […]
  • အတွေးမှတ်စု
    ကျွန်တော်တို့တွေ စာတွေ ၊ ကဗျာတွေ ဖတ်ဖြစ်ကြတဲ့အခါ တချို့စာသားတွေ အတွေးမှာကျန်နေခဲ့တာမျိုး တစ်ခါတစ်ခါကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ အခု ကျွန်တော်က စိတ်ထဲကျန်နေတာ တစ်ချို့ကိုပြန်တွေးနေရင်း ရေးထား ၊ မှတ်ထားတာလေး ကို ဝေမျှချင်လာတဲ့ စိတ် တစ်ခု နဲ့ ဒီ Post ကို တင်ဖြစ်ပါတယ် …။ “အဲဒီ ဘ၀ထဲမှာ” အဲဒီ ဘ၀ ထဲမှာ ကြည်နူးမနေပါနဲ့ မင်း ဟာ မာယာကော့စကီး မဟုတ်ပါဘူး အပေး နဲ့ အယူ ဟာ […]

About the Author

My Love Cafe