My Love Cafe http://mylovecafe.com Myanmar Blog Hosting Service Fri, 27 Nov 2009 04:16:07 +0000 http://wordpress.org/?v=2.9.2 en hourly 1 SIGN UP http://mylovecafe.com/sign-up/ http://mylovecafe.com/sign-up/#comments Fri, 27 Nov 2009 03:29:13 +0000 Admin http://mylovecafe.com/?page_id=182 မင်္ဂလာပါ ..  ကြိုဆိုပါ၏ ..
My Love Cafe တွင် Blog ရယူခြင်းဖြင့် …
  • subdomain ( yourname.mylovecafe.[com|net] )
  • 3Gb အထိ file များကို upload လုပ်နိုင်မည်။
  • file size 100Mb အထိ upload လုပ်နိုင်မည်။
  • Upload လုပ်နိုင်မည့် File အမျိုးအစားများမှာ – (jpg jpeg png gif mov avi wmv midi mid pdf mp3 wma zip rar swf ttf)
  • *free email account (yourname@mylovecafe.com)
* Available upon request
SIGN UP NOW
]]>
http://mylovecafe.com/sign-up/feed/ 0
တောသူမလေး http://mylovecafe.com/blogs/tawthumalay/ http://mylovecafe.com/blogs/tawthumalay/#comments Fri, 27 Nov 2009 01:40:36 +0000 Admin http://mylovecafe.com/?p=149 စာဖတ်သူမိတ်ဆွေအပေါင်းတို့.. မည်သူမဆို၊ မည်သည့်စာမျက်နှာတွင်မဆို..မည်သည့်စာကိုမဆို ပြန်လည်ကူးယူမျှဝေနိုင်ပါသည်…
  • သူတစ်ပါးလောကကို လှပအောင်လုပ်ပေးရင်း သင့်လောကကိုအလှဆင်ပါ။
    ကျွန်တော် ကျွန်မတို့တွေ အားလုံးဟာ ကိစ္စတစ်ခုခု အကြောင်းအရာတစ်ခုခုကို သေသေချာချာ မြင်ချင် သိချင်လို့ရှိရင် ဘာမှ မတွေးပဲနဲ့ သတိလေးနဲ့ သေသေချာချာ ကြည့်မှရမယ်။ ဘာအလုပ်၊ ဘာကိစ္စလေးပဲ လုပ်လုပ်ပါ ဘုရားတရားလေးနဲ့တွဲလုပ် အားထုတ်တတ်တဲ့သူတွေ အထူးသဖြင့် စိတ်ကို ကြည်လင်အောင် ရှင်းနေအောင် တိတ်နေအောင် ထားတတ်တဲ့သူတွေဆိုရင် ပိုမြင်တယ်၊ ပိုကြားတယ်၊ ပိုသိတယ်၊ ပိုနားလည်နိုင်ကြပါတ […]
  • အစာလည်းဆေး၊ ဆေးလည်းအစာ
    ချင်း (ဂျင်း) (Ginger) - မပျို့ စေရန် လုပ်ပေးသည်။ ကင်ဆာကို တိုက်ထုတ်နိုင်သည်။ - အစာကြေလွယ်သည်။ - အဆစ်အမြစ် ကိုက်ခဲ နာကျင်ခြင်းကို သက်သာစေသည်။ - သွေးလည်ပတ်နှုန်းကို ကောင်းစေသည်။ - ရင်မပူအောင် ကာကွယ်သည်။ ရုံးပတီသီး (Okra) - အရိုးကို သန်မာစေသည်။ - နှလုံးကို ကာကွယ်သည်။ - အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာ လျော့ပါးစေသည်။ - သွေးပေါင်ချိန်ကို ထိန်းပေးသည်။ - သွေးစီးဆ […]
  • ထောပတ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး
    ထောပတ်သီးဟာ အားဖြစ်စေရုံသာမက နှလုံးကို အားကောင်းစေပြီး ကင်ဆာကို တိုက် ထုတ်ချေမှုန်းတဲ့ အသီးတစ်မျိုး ဖြစ်ပါ တယ်။ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ထောပတ်သီးမှာ အာဟာရဓာတ်များစွာနဲ့  ဖိုင်ဘာမျှင် ပြည့်ဝစွာ ပါဝင်ပါတယ်။ ဗီိတာမင် အီးနဲ့  မိုနို ပြည့်ဝ အဆီ ကြွယ်ဝစွာ ပါဝင်တဲ့ အရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။ မိုနို ပြည့်ဝ အဆီ (Mono saturated fat) ဆိုတာ အဆီကောင်း တစ်မျိ […]
  • ကျန်းမာ လှပခြင်း အရပ်ဆီ အရောက်ပို့ မည့် ဖျော်ရည်များ
    အောက်မှာ ဖော်ပြထားတဲ့ ဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာ လှပသော ဘ၀ကို ရယူကြပါစို့ ။ ၁။ မုန်လာဥနီ+ဂျင်း+ပန်းသီး ကိုယ်တွင်း အင်္ဂါနှင့် ဇီဝ ကမ္မ ဖြစ်စဉ်ကို သန့် ရှင်း စင်ကြယ်စေသည်။ ၂။ ခရမ်းချဉ်သီး+သခွားသီး+ပန်းသီး ကင်ဆာကို ကာကွယ်ပေးသည်။ ကိုလက်စထရောအား လျှော့ချပေးသည်။ အစာအိမ်ကို စိတ်ချမ်းသာမှု ရစေပြီး ၀မ်းတစ်လုံး ကောင်းစေသည်။ ခေါင်းကိုက်ခြင်းကိုလည်း လျှော့ပါးေ […]
  • အိပ်မပျော်တဲ့ ညများ ကုန်ဆုံးစေရန်(အမျိုးသမီးများတွက်)
    အင်္ဂလန် အနောက်ပိုင်း တက္ကသိုလ်မှ လေ့လာချက်များအရ အမျိုးသမီးတွေမှာ အိပ်မက် ဆိုးတွေ ပိုမက်လေ့ရှိပြီး အိပ်ရေးမ၀ ဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရာသီသွေး မဆင်းခင် ခန္ဓာကိုယ် အပူချိန်ဟာ ပြောင်းလဲမှုများ ရှိခြင်းကြောင့်လို့  ဆိုပါတယ်။ဒါကြောင့် ည အိပ်ရေးမ၀ပဲ အိပ်မက်တွေ မက်နေတယ်ဆိုရင် ညမအိပ်ခင် သင့်ခေါင်းအုံးမှာ လာဗင်ဒါ ဆီမွှေးလေး ဆွတ်ဖျန်းပေး ပြီး အိပ်လိုက်ပါတဲ့။ He […]
  • ခေါင်းကိုက်တာ ချက်ချင်းသက်သာလိုလျှင်
    မိုင်ဂရိန်းခေါ် ခေါင်းတခြမ်း ထိုးကိုက်လာလျှင် ပန်းသီးအစိမ်းရောင် တစ်လုံးကို စားလိုက် ပါလားတဲ့။ မယုံကြည်နိုင်လောက်အောင်ပဲ ခေါင်းကိုက်တာ ချက်ချင်း ပြေလျော့သွား တာကို တွေ့ ရပါလိမ့်မယ်တဲ့။ အမေရိက သုတေသီများရဲ့ လေ့လာလချက်အရ အခွံစိမ်း စိမ်းလေးနဲ့  လှပတဲ့ ပန်းသီးတစ်လုံး စားရုံဖြင့် ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက်နေတဲ့ လူတွေ၊ စိတ်ဖိစီးမှုများနေတဲ့ လူတွေကို ပျော် […]
  • လူသားတို့ ၏ ဒုတိယ နှလုံးသား ဆိုတာ ဘာလဲ
    ကျန်းမာရေး သုတေသီများက လူသူးတို့ ၏ ဒုတိယ နှလုံးသား ဆိုသည်မှာ ခြေထောက်ပင် ဖြစ်သည်ဟု ဆိုပါသည်။ ခြေထောက် ကို ကျန်းမာအောင် ဂရိုစိုက်ပါ။ ခြေထောက် ကျန်းမာ လျှင် လူကျန်းမာ၏ လမ်းလျှောက်ပါ။ ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်ပါ။ မပြေးပါနှင့် (Walk, Don’t Run) ဟုဆိုသည်။ ရုပ်အို၊ အရွယ်ကျခြင်းသည် ခြေထောက်မှ စတင်၏ မိမိ၏ ခြေထောက်နှစ်ဖက် ကျန်းမာအောင် လေ့ကျင့်ပေးပါ။ အပျင်းမကြီ […]
  • သွေးတိုးကျလိုပါသလား
    သွေးတိုးရောဂါ ကုထုံးကို သင့်မျက်နှာပေါ်မှာပဲ ရှာကြည့်ပါ။ နှာဖျားမှလေကို ဖြည်းဖြည်း ရှည်ရှည်လေး ရှူသွင်း၊ ရှူထုတ်ခြင်းဖြင့် သွေးတိုးနေတာကို လျှော့ချနိုင်ပါသတဲ့။ လေကို ဖြည်းညင်းစွာ ရှူသွင်း၊ ရှူထုတ် ၃လ လုပ်ခြင်းဖြင့် အပေါ်သွေး (နှလုံးကြွက်သား ညှစ်ထုတ် ဖိအား) ၁၁ မှတ်နဲ့  အောက်သွေး (နှလုံးကြွက်သား ပြေလျော့နေစဉ် ဖိအား) ၇မှတ်ထိ ကျဆင်းစေသတဲ့။ လေကို ဖြည်း ညှင်းစွာ ရှူ […]
  • အသားတူးအောင် ချက်လျှင်
    အမဲသားကို မီးပြင်းပြင်း (မြင့်မားသော အပူချိန်များ) တွင် ချက်ပြုတ်ခြင်းသည် (ဥပမာ – အသားကင်တာ၊ ဆီနဲ့  တူးအောင် ကြော် တာလုပ်ရင်) heterocyclic amines-HCAs လို့ ခေါ်တဲ့ ကင်ဆာ ဖြစ်စေနိုင်သော ဓာတု ဒြပ်ပေါင်းများကို ထုတ်လုပ်ပေးပါတယ်။ ကောင်းတာကတော့ အမဲသားကို မချက်ပြုတ်မီ ရှာလကာရည် (ဗာနီကာ)၊ အမွှေးအကြိုင်၊ ချင်း၊ ငရုတ်ကောင်း၊ ဆားတို့ နဲ့ နယ်ပြီး နှပ်ထားပြီးမှ ချက်ပါက HC […]
  • မလိုအပ်ပဲ ဓာတ်မှန် မရိုက်ပါနဲ့ ။
    လူတို့  ဖန်တီး ပြုလုပ်ထားသော ဓာတ်ရောင်ခြည် အများဆုံး အသင့်ခံစေရသည့် နေရာမှာ ကျွန်ုပ်တို့  ကိုယ်ကျွန်ုပ်တို့  ဓာတ်မှန် ရိုက်ခြင်းကြောင့် ဖြစ်ပြီး ရရှိတဲ့ အကျိုးကျေးဇူးနှင့် အန္တရာယ် အခွင့်အလမ်းတို့ ကို ချိန်ဆ ကြရမှာ ဖြစ်ပါတယ်။ အပြင်းအထန် မတော်တဆ ထိခိုက်ဒဏ်ရာ ရသောသူများကို အရိုးကျိုး၊ မကျိုး သိစေရန် ဓာတ်မှန်ရိုက်ဖို့  လိုသော် လည်း သင့်အနေနဲ့  ဆေးရုံ ဆေးခန်းသွား […]
]]>
http://mylovecafe.com/blogs/tawthumalay/feed/ 0
မိုးထက်အိမ် http://mylovecafe.com/blogs/maykyaw/ http://mylovecafe.com/blogs/maykyaw/#comments Fri, 27 Nov 2009 01:33:52 +0000 Admin http://mylovecafe.com/?p=142 ဖရိုဖရဲ စိတ်ကူးတွေကို အလျဉ်းသင့်သလို ချရေးကြည့်ထားတာပါ…
  • ဆုတောင်း
    *ငွေကြယ်ပွင့်တွေ ကြွေကာမှ သူ သတိရသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ဥသြငယ်တွေ တွန်သံသာမှ သူ လွမ်းသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ရွှေမိုးတိမ်တွေ ညို့မှိုင်းကာမှ သူ အောက်မေ့သလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *နှင်းမြူတွေ ဆိုင်းကာမှ သူ တမ်းတသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ပျံသန်းစဉ် ခရီးတစ်လျှောက် လိုအင်ဆန္ဒတွေ တတ်စွမ်းသလောက် ဖြည့်ဆည်းလို့ သူ တစ်ယောက် အတောင်ညောင […]
  • သို့သော်
    (၁) ဗင်ဂိုးရေးဆွဲသည့် ကြယ်တွေ စုံတဲ့ညပန်းချီကားဖြင့် မျက်နှာဖုံး အလှဆင်ထားသော စာအုပ်တစ်အုပ်၏ ညို့ငင်မှုအောက်တွင် မျက်ဝန်းတစ်စုံ အငိုက်မိစွာ ကျဆုံးသွားသည် … ကျဆုံးသွားသော မျက်ဝန်းရှင်၏ လက်အစုံက ထိုစာအုပ်ကို ခပ်သွက်သွက် လှမ်းယူလိုက်သည် … မျက်ဝန်းရှင် လူငယ်သည် စာအုပ်ကို (၅) မိနစ်ခန့် စိတ်ဝင်တစား မြည်းစမ်းပြီးနောက် ပိတ်လိုက်သည် … စာအုပ်နောက်ကျောတွင် ကပ်ထားသည့် စေ […]
  • စုန်းပူးသလို ရူးခဲ့ရတဲ့ ဒီဇင်ဘာ
    မနေ့က စိတ်ကူးပေါက်တာနှင့် ကိုမင်းနောင်၏ မုန်းရစ်လေဦး သီချင်းကို နားထောင်ဖြစ်သည် … “… ♩ ♪ ♫ … အသံသာသာ နွေကြိုတေးကိုသာ … ♩ ♪ ♫ …” ဟင် ဘယ်လို ဘယ်လို ! ကျွန်မ ရှေ့နည်းနည်းပြန်ရစ်လိုက်သည် “… ♩ ♪ ♫ … အသံသာသာ နွေကြိုတေးကိုသာ … ♩ ♪ ♫ …” နွေကြိုတေး ! ဒါဖြင့် ဥသြက နွေလယ်မှာတင် တေးဆိုတတ်သည် မဟုတ်ဘဲ နွေမရောက်ခင်တည်းက နွေကြိုတေးကို တွန်ကျူးတတ်သည်ပေါ့ … ဒါဖြင့် ဥသြတွေ ရာ […]
  • ရောဂါ
    ခဲတံ .. ဟောတော် ခဲတံက မေ့နေခဲ့ပြန်ပြီ…. အဲလို ကိုယ်သုံးနေကျ ပစ္စည်းတစ်ခုခု ပါမလာဘူး ၊ မေ့ကျန်ခဲ့တယ်ဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ ဘာဖြစ်မှန်းမသိဘူး … ဘာဖြစ်လို့များ မေ့ကျန်ခဲ့ပါလိမ့် … ဒီလောက်တောင်ပဲ ပေါ့ဆရသလား … သေသေချာချာကို ထည့်ဖို့ ထုတ်လိုက်ပါတယ် … ခုတော့ မှတ်မှတ်ရရကို မေ့ကျန်ခဲ့ပြီ …. စသည် စသည် တွေးရင်း စိတ်ထဲ ဘဝမကျနိုင်ဘူး … အမှန်တော့ ရောဂါပဲနော်… ခဲတ […]
  • နောက်ဆုံး သို့မဟုတ် ပထမဆုံး
    သူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်… ခံစားချက်ဆိတ်သုဉ်းနေတော့ ခါတိုင်းရေးနေကျ စာတိုပေစလေးတွေတောင် ရေးချင်စိတ်မရှိ ဖြစ်သွားပါတယ်… နောက်ပြီး ဘယ်လိုခံစားချက်နဲ့ ရေးထားတဲ့ စာကိုမှ မခံစားချင်တော့ဘူး …. ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးချင်တော့ဘူး ….. ဒီတု […]
  • စဉ့်အိုး
    ကျွန်တော်တို့ နှစ်ယောက်သား ပြောဆိုစရာ စကားမရှိသလို နှုတ်ဆိတ်နေမိကြ၏ ။ နေရောင်ခြည်သည် ပြတင်းပေါက်ဘောင် ထောင့်ချိုးပေါ်တွင် ကြောင်ပေါက်စလေးတစ်ကောင်လို နူးညံ့စွာ ခွေအိပ်နေ၏ ။ ပန်းပွင့်တွေက အပြာရောင် အိပ်မက်များကို မက်နေကြသည်။ ရင်အုပ်နီနီနှင့် ငှက်ကလေးများက အိမ်ခေါင်မိုး တံစက်မြိတ်စွန်းတွင် ငြိမ်သက်စွာ ခိုနားနေကြ၏ ။ အတန်ကြာမှ ကျွန်တော်က… ” ဒါဆို… ငါ တကယ်ချစ်တဲ့သူဟ […]
  • သူ့နေရာ
    ” I’m a big big girl… In a big big world … It’s not a big big thing if u leave me… But I do do feel … That I do do will … Miss u much … Miss u much… “ “ကိုယ်နဲ့ မတန်တဲ့ သီချင်းတွေ ဆိုနေပြန်ပြီ ၊ ဘယ်ကလာ big big girl ကမှာလဲ ၊ […]
  • ကဲ …… ဗျာ
    ခုတလောဗျာ …. ဘာဖြစ်နေတယ် မသိဘူး … အားလုံးက လွှတ်တင်နေကြတာပဲ …. မနက်စောစောဗျာ ဂျီတော့ခ်လေးမှ ဖွင့်ကာစရှိသေးတယ် … လူကို လာပြောတယ် ဒီဘလော့ကစာတွေက ကိုယ်တိုင်ရေးတာလားတဲ့ … ယုံရမှာတော့ ခက်တတ်တတ်တဲ့ … အွန် … ယုံအောင် အိမ်မှာ အကြမ်းလျှောက်ခြစ်ထားတဲ့ စာရွက်တွေ ယူပြရမယ့်ကိန်းနော်… ခက်တော့ ခက်နေပြီ … ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်တွေရေးတဲ့ စာတွေ ဖတ်ဖူးရင် ဘယ်လိုများ […]
  • နှလုံးသား TTL
    ကောင်မလေးရေ….. Network ကွန်ယက်တစ်ခုအတွင်းမှာ ပို့ချင်တဲ့ data တွေကို packet လို့ ခေါ်တဲ့ အပိုင်းလေးတွေပိုင်းပြီး ပို့ကြတယ်ဆိုပဲ … ပို့တဲ့ကောင်က source ၊ လက်ခံတဲ့ကောင်က destination လို့ခေါ်တာကို နင်သိပြီးသား ဖြစ်မှာပါ … အဲလို data တွေ ပို့ကြတဲ့အခါ စပို့လိုက်ပြီး သတ်မှတ်ကာလ ဘယ်လောက်အတွင်းမှာ လက်ခံတဲ့ဘက်(destination) ကို ရောက်ရမယ် ၊ မရောက်ရင် အဲဒီ packet ကို ဖျက် […]
  • အမေနေ့ ( ပြာသိုလပြည့်နေ့ ) အမှတ်တရ
    အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား တူတူပါပဲ…. ဒါပေမယ့် ဒီပြာသိုလပြည့်နေ့ကို အမေနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အခါ အမေ့ကို တခြားနေ့တွေထက် ပိုပြီး အလေးအနက် ပြုမိပါတယ်…. ကိုယ်တိုင်တင် မဟုတ်ဘဲ တခြား သတိမထားမိသူတွေကိုလည်း ပြောပြ သတိပေးဖြစ်ပါတယ် …. အမေနေ့မှာ အမေနဲ့ပတ်သက်ပြီး တစ်ခုခု ရေးချင်ပါတယ် …. ဒါပေမယ့် ရေးနိုင်စွမ်းမရှိလို့ အမေနဲ့ […]
]]>
http://mylovecafe.com/blogs/maykyaw/feed/ 0
မေခင်မွန်း http://mylovecafe.com/blogs/maykhinmoon/ http://mylovecafe.com/blogs/maykhinmoon/#comments Fri, 27 Nov 2009 01:28:11 +0000 Admin http://mylovecafe.com/?p=139 အတ္တကို အသက်သွင်းခြင်း..
  • ယုံကြည်မှုအစစ်အမှန်
    လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးနေသူတွေကို အပြစ်စကားပြောကြတယ်။ မပြောနဲ့။ လူတစ်ကိုယ် ထင်တစ်လုံးပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့သူဟာ အလုပ်လုပ်တဲ့နေရာမှာ သိပ်အကျိုးရှိတယ်။ သောကကို ဖြေရှင်းရာ၊ ပေါင်းသင်းဆက်ဆံရာ၊ ပြဿနာဖြေရှင်းရာ၊ ပညာရေးနှင့် ဖိုမဆက်ဆံမှုတွေမှာ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့သူက သာတယ်။ ကိုယ့်ကိုယ်ကို အထင်ပြန်ကြီးချင်ရင် တချို့ကိစ္စတွေကို ပြန်စစ်လိုက်။ သတ […]
  • မှတ်သားမိသော စကားများ
      စကားလည်း မလွန်စေနဲ့၊ လူလည်း မလွန်စေနဲ့လိမ္မာချင်ရင် မမိုက်နဲ့၊ မိုက်ချင်ရင် မလိမ္မာနဲ့ ဘောင်ဘင်ခတ်တယ်ဆိုတာ ကြားဖူးမှာပေါ့။ အေး ဘောင်ဘင်ခတ်တိုင်း ပတ်ဝန်းကျင်ကို မထိခိုက်ပဲ မနေဘူး။ ဒါကြောင့် ပညာကို ဘောင်ဘင်ခတ်နေရုံ မလေ့လာပါနဲ့။ အဆုံးထိ လေ့လာပါ။  ကိုယ့်ဘ၀ကို ကျေနပ် ရောင်ရဲသူဟာ ကိုယ့်ဥခွံထဲမှာ ကိုယ်ပျော်နေသူပဲ။ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ ကိုယ်ငုပ်လျှိုးနေသူဟာ တန […]
  • ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၃)
    “ကျုပ်ကိုယ်ကျုပ် ယုံကြည်လက်ခံပြီးပြီဗျ” ယန်းပေါဆတ် လောကမှာ ကြီးပွားဖို့ တော်တော်ခက်တဲ့လူက ဘယ်သူမဆို ပေးနိုင် ရနိုင်တဲ့ ထင်မြင်ချက်ကို အရေးလုပ်တတ်တဲ့ သူပါပဲ။ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်တဲ့ အကျင့်မရှိရင် အဲဒီအကျင့်က လိုက်ပါ နှောင့်ယှက်တတ်တယ်။ ယီးတီးယားတား အကျင့်တွေကို အမြန်ဖျောက်ပစ်ပါ။ ဘယ်နေရာ ရောက်ရောက် လူသားတွေ အားလုံး နားလည်တဲ့ စကားက နှစ်မျိုးပဲ ရှိတယ်။ တ […]
  • ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၂)
    တချို့က သူ့တို့ကို သူတို့ ဉာဏ်စွမ်းဉာဏ်စ ရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေကြတယ်။ ဉာဏ်စွမ်း ဉာဏ်စ ဘယ်လောက်ရှိရှိ လက်တွေ့လုပ်တာလောက် ဘယ်အရာမှ သက်ရောက်မှု မရှိဘူး။ အကျိုး မရဘူး။  လူညံ့ဟာ ဘယ်သောအခါမှ မအောင်။ လူအောင်သည် ဘယ်သောအခါမှ မညံ့ တဲ့။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးနေတာလောက် ကျရှုံးလွယ်တာ မရှိပါဘူး။ အများညီရင် ဤ ကို ကျွဲဟု ဖတ်ရမယ်တဲ့။ အားလုံးက တညီ […]
  • ဗဟုသုတလေးများ
    ဘိက္ခုနီသာသနာ ဘိက္ခုနီသာသနာသည် သာသနာနှစ် (၅၀၀) ကျော်တွင် ပြတ်စဲခဲ့သည်။ အသောကမင်းကြီး ပါဋလိပုတ်ပြည် တတိယသင်္ဂါယနာ(သာသနာနှစ် ၃၀၄ [ဘီစီ ၂၄၀])တွင် အရှင်မဟာမဟိန္ဒ၏ ညီမတော် သံဃမိတ္တာသာလျှင် နောက်ဆုံး ဘိက္ခုနီအဖြစ် သာသနာ့သမိုင်းတွင် တွေ့ရသည်။ ထို့ကြောင့် ထိုသံဃမိတ္တာ ပျံလွန်တော်မူပြီးနောက် ဘိက္ခုနီသာသနာ စတင်ပျောက်ကွယ်သည်။ မြန်မာမင်းဆက်များ သီပေါမင်းပါတော်မူပြီးနောက် မြန်မာန […]
  • ကိုယ့်ကိုယ်ကို ဆုံးမတဲ့စာများ(၁)
    ယုံကြည်ခြင်းနဲ့ အလားတူတဲ့ စိတ်က လိင်စိတ်ပါပဲ။ လိင်စိတ်ကို ယုံကြည်မှုဘက် ဆွဲသွားနိုင်မယ်ဆိုရင် ဘ၀မှာ မအောင်မြင်တဲ့ အချိုးအကွေ့ ဆိုတာ မရှိပါဘူး။ လက်ထပ်တယ်။ လင်မယားဖြစ်တယ်။ သား သမီးရတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် ပြင်းထန်တဲ့ ရာဂနှင့် တစ်ယောက်ကိုတစ်ယောက် မနမ်းခဲ့ဖူးဘူး။ မပွေ့ဖက်ခဲ့ဖူးဘူးဆိုရင် ဆွဲငင်မှုကြီးမားတဲ့ အောင်မြင်ချင်စိတ်ကို သူတို့ပိုင်မှာပဲ။ အောင်မြင်ချင် […]
  • အသည်းကွဲရေဒီယို
    သူသည် အရက်ဆိုင်ထဲမှ ခေါင်းငိုက်စိုက်ချကာ အပြင်ထွက်လာသည်။ သူက ခြေကို ရှေ့ဘယ်ဖက် ဆက်လှမ်းရမှန်း မသိဖြစ်နေသည်။ အရှေ့ဘက် လမ်းမလိုလုပ်ပြီး အနောက်ဖက်သို့ လှမ်းသည်။ သူ့ဦးနှောက်ထဲတွင် အနောက်ဘက်တွင် သူတောင်းစားများနေသော အိမ်တစ်လုံး ရှိသည်ကို သတိတစ်ချက် ရလိုက်သောကြောင့်ဖြစ်သည်။ ထိုစဉ် သူ့ရှေ့သို့ ကားတစ်စီး လာထိုးရပ်သည်။ ကားက တကယ့်အကောင်းစား နောက်ဆုံးမော်ဒယ်နဲ့ ကားဖြစ […]
  • ဒိုင်ယာရီ အဟောင်းမှ (၃)
    ၁ နှင့် ၂ ကို အသုံးချရလို့ မဖြစ်နိုင်တော့ရင် ၃ ကို အသုံးချရမှာပဲ။ ဘယ်လိုလဲ။ အစီအစဉ် တစ်ခုကို ဆွဲလိုက်တယ်။ ၁က ဒီလိုလုပ်မယ်။ ၁ မဖြစ်ခဲ့ရင် ၂ လုပ်မယ်။ ၁ ရော ၂ရော မဖြစ်နိုင်တော့ရင်တော့ ၃ နဲ့ စခန်းသွားရမှာပဲ။ တတိယနည်းလမ်းပေါ့။ လေမတိုက်ရင် တက်မကိုင်ပြီး လှော်မှ လိုရာခရီး ရောက်မယ်လေ။ အကူအညီပေးနိုင်တဲ့ လက်ဟာ ဘယ်ကို ကြည့်ရမလဲ။ လက်မောင်းရင်းကို ကြည့်ရမယ်။ နေထိုင်လိုက် […]
  • လင်္ကာလေးများ
    စိတ်မြောက်ကိုယ်မြောက် မကွေ့ကောက်နှင့် ထောက်ထောက်ထားထား သတိနှင့်စဉ်းစား စကားဆိုလျှင် ထုံးကိုမှတ် တရားလိုလျှင် ရုံးကိုကပ် အမြတ်နှင့်အယုတ် အဆုတ်နှင့် အတက် အနက်နှင့် အတိမ် နှိုင်းဆချိန်။ (ညောင်ပင်သာ ဦးပညာ) ထို့ထက်တိုး၍ သူတော်လေ့ဖြင့် မမေ့မလျော့ မပေါ့မဆ အားထုတ်မှဟု ဆဆကြည်ညို ၀၀မ်းတွင်းသိုလျက် ကိုယ့်ကိုယ်ကိုယ်ပင် ဆရာတင်၍ သွင့်သင့်ဆင့်ကြ စေလေသောဝ် (ဆီးပန်းနီဆရာတော် […]
  • ဟိုတွေး သည်တွေး ဟိုရေးသည်ရေး(၂)
    ဘာမှန်းတော့ ခုထိ တကယ် မသိပါဘူး။ twitter ရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတာ ခုထိ တကယ် မသိဘူး။ ဒါပေမယ့် သူများတွေရဲ့ ဘလော့စာမျက်နှာကို ကြည့်လိုက်တော့ twitter ဆိုတဲ့ widget လေးတွေ ထည့်ထားကြတယ်။ ဒါနဲ့ ကိုယ်လည်း အားကျမခံ သူများ တွစ်သလို လိုက်တွစ်ကြည့်မလို့ WP ထဲက ပေးတဲ့ wp-twitter တွေ တစ်ခုပြီး တစ်ခု လိုက်စမ်းတယ်။ တစ်ခုမှလည်း ရဘူး။ ဘယ်သူဘယ်ဝါကို သွားမေးရမှန်း မသိတော့ လ […]
]]>
http://mylovecafe.com/blogs/maykhinmoon/feed/ 0
ATK’s Alternative Blog http://mylovecafe.com/blogs/atk/ http://mylovecafe.com/blogs/atk/#comments Fri, 27 Nov 2009 01:21:53 +0000 Admin http://mylovecafe.com/?p=136 For those who love reading…
  • May All Forms of Discrimination Be Eliminated!
    လူအချင်းချင်း နှိမ့်ချခြင်း ကင်းဝေးကြပါစေ Discrimination  ကို မြန်မာလို ခွဲခြားဆက်ဆံမှုလို့ ဘာသာပြန်ကြပါတယ်။ှားတယ်လို့ မဆိုနိုင်ပေမယ့် မပြည့်စုံပါဘူး။ အမှန်တော့ လူမျိုး၊ ဇာတိ၊ အသားအရောင်၊ ဘာသာရေး ယုံကြည်မှု၊ ကျန်းမာရေး အခြေအနေစတာများကို အကြောင်းပြုပြီး လူအချင်းချင်း မတူသလို မတန်သလို နှိမ်ချဆက်ဆံတာကို Discrimination  လို့ခေါ်ပါတယ်။ မိန်းမတွေ ဘာမှ နားမလည်ပါဘူးက […]
  • Where Shall We Keep Those Baskets?
    ခြင်းတွေကို ဘယ်မှာ ထားကြမလဲ ၁။ ချင်းတိုင်းရင်းသားထဲက ဘဝတွင် ပထမဆုံး စတင် သိကျွမ်းဖူးသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်က ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် မန္တလေးမြို့မှ အမှတ် ၉ အထက တစ်ဖြစ်လဲ စိန့်ပီတာ ကျောင်းတွင် ကျောင်းအိပ် ကျောင်းစား နေနေခိုက်ဖြစ်သည်။ ကျွန်တော်တို့ ကျောင်းအိပ် ကျောင်းစားနေသော အဆောင်တွင် ထိုချင်းတစ်ယောက်နှင့် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ေ […]
  • A Thing Scarier Than Death
    သေရမှာထက်တောင် ကြောက်နေမိတာလေးတစ်ခု သိုးဆောင်းဘာသာစကားမှ ဝေါဟာရတစ်လုံးက အခုတလော ခေါင်းထဲတွင် စိုးမိုးနေသည်။ Update ဟူသော စကားလုံး။ ယခင်ကတည်းက ထိုဝေါဟာရ ရှိခဲ့ပါသည်။ သတင်းခေတ်သို့ ရောက်လာပြီး ကွန်ပျူတာများ တွင်ကျယ်လာသောအခါ ထိုဝေါဟာရကို ပိုမိုအသုံး များလာသည်။ Update သည် ရက်စွဲမီအောင်ြုပလုပ်ယူသည်ဟူသော အနက်ရင်း ရှိသည်။ သူ့ဆန့်ကျင်ဘက်ဝေါဟာရမှာ outdated ဖြစ်သည်။ […]
  • A Modern Version of Mom’s Love
    မေတ္တာဘွဲ့ (မူသစ်) ၁။ လက်တွင်ပတ်ထားသော နာရီကို ကြည့်လိုက်သည်။ ၆ နာရီ တိတိ။ နာရီကြိုးကို ဖြုတ်လိုက်ပြီး ခုတင်ဘေးမှ စားပွဲငယ်ပေါ် လှမ်းတင်လိုက်သည်။ ထို့နောက် ခြင်ထောင်ကို အသာအယာ မပြီး ခုတင်ပေါ် တက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးငယ်၏ ပါးဖောင်းဖောင်းလေးကို တစ်ချက် ငုံ့နမ်းလိုက်သည်။ ခုတင်၏ ဟိုမှာဘက် အစွန်တွင် အိပ်နေသူ “မရွှေမိ” သည်ဘက် လှည့်လာသည်ကို သူြ […]
  • Lies and an Important Role of Parents
    ကနေ့ ၁၂-၂-၂၀၁၀ (ပြည်ထောင်စုနေ့)မှာ ရန်ကုန်မြို့၊ ကမာရွတ်လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းမှာ ရှိတဲ့ “အင်းဝစာအုပ်တိုက်ခွဲ”မယ် နေ့ခင်း ၂ နာရီက ၅ နာရီအတွင်း ကျွန်တော့်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့” စာအုပ် မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ပါမယ်။ ကျွန်တော့်ရဲ့ တခြားစာအုပ်များကိုလည်း ၁၀ % ဈေးလျှော့ပြီး ရောင်းချပေးသွားမှာပါ။ ကျပ်တစ်သောင်းဖိုးနဲ့ အထက် ၀ယ်ယူအားပေးသူ အယောက် ၂၀ […]
  • Another Excerpt from ATK’s Newly Published Book
    ကနေ့ညနေ ကျွန်တော် ခရီးထွက်ရပါဦးမယ်။ ဆယ်ရက်ကြာမှာပါ။ အသွားတစ်ရက်၊ အပြန်တစ်ရက် အပိုဆောင်းရင် ပေါင်း ၁၂ ရက်တာ အင်တာနက်နဲ့ ကင်းဝေးရာ ရွာကလေးမှာ သွားနေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွန်မန့်တွေ ဝေဖန်ချက်တွေကို အချိန်မဆိုင်း မော်ဒရိတ်လုပ်ပေးနိုင်၊ ပြန်ကြားနိုင်ခြင်း မရှိမှာကို နားလည် ခွင့်လွှတ်ပေးတော်မူကြစေလိုပါတယ်။ ကျွန်တော့်ရဲ့ မကြာသေးခင်က ထွက်ထားတဲ့ “မိန်းမသားတို့ […]
  • Excerpts from ATK’s Newly Published Book
    ပြီးခဲ့တဲ့အပတ်က ကျွန်တော့်စာအုပ်သစ် တစ်အုပ် ထွက်ပါတယ်။ “မိန်းမသားတို့ သိမ်းထားဖို့”ဆိုတဲ့ စာအုပ်ပါ။ Connection ကြောင့်ရယ်၊ ကျွန်တော့်မှာ သိပ်ကို အလုပ်များနေတာကြောင့်ရယ် အဲဒီ့ သတင်းကို မတင်ဖြစ်ခဲ့ပါဘူး။ အခု  အဲဒီ့စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ် တင်ဆက်လိုက်ပါတယ်။ ဖတ်ရှုဝေဖန်တော်မူနိုင်ကြပါကြောင်း။ လမ်းမှာ တွေ့ရတတ်တဲ့ သစ်ပင်များအကြောင်း ၁။ ဆရာရှင့် သမီးက သည်လိ […]
  • Final Notes on Phone Story (Part 2)
  • Exactly 4 Chapters added to My Phone Story (Part 2)
    တစ်ခြမ်းမပဲ့ရှာလေတော့တဲ့ တယ်လီဖုန်းဇာတ်လမ်းမဟာကို ကနေ့ နောက်ထပ် ၄ ခန်း တိတိ ဖြည့်စွက်တင်ဆက်ပြီးကြောင်းပါ။ မနက်ဖြန် ဇာတ်သိမ်းပါမယ်ခင်ဗျား။ (ရွှတ်… ဖတ်…) […]
  • On Discrimianation
    အမှန်တော့ တယ်လီဖုန်းဇာတ်လမ်း မပြီးခင်မှာ ဘာပို့(စ်)မှ အသစ်တင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ အခုတစ်ပတ် ထွက်လာတဲ့ Weekly Eleven ဂျာနယ်ထဲက လိင်တူဆက်ဆံမှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါး အလွဲအမှားတစ်ပုဒ်ကို ဖတ်လိုက်မိတော့ သိပ်ကို စိတ်မကောင်းဖြစ်မိသွားရပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၇-၀၁-၁၀) ညနေ ၆ နာရီခွဲမှာ Mandalay FM ရေဒီယိုကနေ ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ ကျွန်တေ […]
]]>
http://mylovecafe.com/blogs/atk/feed/ 0
သိင်္ဂါရ http://mylovecafe.com/blogs/theingarra/ http://mylovecafe.com/blogs/theingarra/#comments Fri, 27 Nov 2009 01:16:55 +0000 Admin http://mylovecafe.com/?p=131 ခြေခင်းလက်ခင်းသာတဲ့အခါ လာရောက်လည်ပတ်နိုင်ပါကြောင်း…
  • စစ်ပွဲ
    လက်နှစ်ဖက် ၊ ခြေထောက်နှစ်ဖက် ခေါင်းတစ်လုံး နဲ့ ပဲ စစ်ထွက်ခဲ့ရတယ် ။ မင်း အာဟာရ က သူ့ အာဟာရ လောက်တော့ ဗီတာမင် ပြည့်ဝချင်မှ ပြည့်ဝမယ် ။ မင်း သေနင်္ဂ က သူ့ သေနင်္ဂ လောက် မှော်” မအောင်တာမျိုး ဖြစ်ချင်လည်း ဖြစ်မယ် ။ သူ့ ဓါးလှံလေးမြှား က မင့် ဓါးလှံလေးမြှား ထက် ပစ်မှတ်ကို ချဉ်းကပ်တဲ့ နေရာမှာ ပို တိကျချင် ကျလိမ့်မယ် ။ စစ်ဆင်ဦးတာ ရှိမယ် ။ နယ်ပယ် အနေအထား အသာစီးရတာ ရှိမယ် […]
  • လာ … ရှေ့မှာ … အနာဂါတ်ဆိုတာ ရှိတယ်
    မှောင်လွန်းတယ်ကွယ် … မှော်ရုံမှ ဟုတ်ရဲ့လား ငါတို့ စိမ်းလန်းခြင်း မှားလာပြီ ထင်တယ် ။ နယ်ကျွံလာတဲ့ တံလျှပ်တွေကိုတော့ ရေ ” ထင် ပစ်ရအောင် လေ ။ ဂျူရီတွေကိုလည်း ပြောပြပေးပါဦး အလွမ်းကို အသက်ရှူရပ်အောင် လုပ်ခဲ့တာ ငါတို့ ပဲ ကွဲ့ …။   ။ 1st JANUARY 2001 Digg this! Buzz up! Stumble upon something good? Share it on StumbleUpon Share this on Technorati Post this to MyS […]
  • ကျွန်
    ဒီ ကဗျာကို ကူးယူဖော်ပြခွင့်ပြုခဲ့တဲ့ ကိုကောင်းကင်ကို (kaungkinko.blogspot.com) အား အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ။ ရှေးရှေးတုန်းကတော့ နယ်ချဲ့တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။ ဒီဘက်ခေတ်မှာတော့ ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။ လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။ ကျွန်တော့် အဖြစ်က အိပ်မက်ထဲက ကမ္ဘာကို ကျွန်ရွာမှာမှ သွားရှာမိ […]
  • ကျွန်တော့် ကဗျာ ဆိုတာတွေကို ကျွန်တော်ကတော့ လုံးဝ မကြိုက်ပါ။
    ဆက်ဆက်စပ်စပ်  တစ်ယောက်အကြောင်း တစ်ယောက် ပြောဖြစ်ကြတော့ ကျွန်တော် `ကဗျာကောင်´ လို့ ကိုယ့် ကိုယ် ကို သမုတ်တယ် ။ အဲဒီ့ `ကဗျာ´ အပေါ် မင်းက ဘယ်လောက် ထဲဝင်ထားပါသလဲ မေးရင်တော့ ပြောရမယ် ။ ကဗျာ ဆိုတာ ကျွန်တော့် အတွက် ဒုတိယ ဘုရားသခင်ပဲ လို့ …။ နွေဦး ၊ ဂီတ ၊ ပန်းချီ ၊ ရုပ်ရှင် ခံစားနှစ်ခြိုက်ဖွယ် အာရုံအစုံစုံထဲ ကျွန်တော်က `ကဗျာ´ ဆိုတာမှာ မိန်းမော မိပါတယ် ။ ကာရံချိတ်ဆက် […]
  • ပြန်ပြောစရာကလည်း ဒီအကြောင်းပဲ ရှိတာ ခက်တယ်
    ထွန်ရေးငင်ခဲ့သမျှ မိုးခေါင်ခြင်းက ရင်ဘတ် ဆောင့်တွန်းလား တွန်းရဲ့ တစ်ရာသီလုံး အတိဒုက္ခရောက် ဥမမည် စာမမြောက်ခင် ကတည်းက ချုန်းချုန်းချ နေခဲ့ရတာပါလေ တကျွန်းကျ ရဲ့ လွတ်မြောက်မှု အိပ်မက်များလို ရှေ့ဆို ဘယ်လို ဘယ်ပုံ ပေါ့ ….. ကြော့ကြော့လေး ပဲ တွေး အသိတွေ ဝေစည်လာတော့မှ လွမ်းရကောင်းမှန်း သိလာ ဒီလိုနဲ့ တစ်နှစ်တင်းတင်း ပြည့်တဲ့အခါ ငါ က အဲဒီ့ သောကြာနေ့ တစ်ရက်ဆီပဲ ထပ်ကာ ထပ […]
  • ဗလာတစ်ခုမှာ ကဗျာ လို့ ဆိုတော့ …
    ညာဘက်အောက်ဒေါင့်ကို သွားကြည့်စရာ မလိုဘူး ။ သူ့ ထိရှပုံ သူ့ တင်ဆက်မှု အရ အောင်ချိမ့် နဲ့ မောင်ချောနွယ် ကို ကွဲကွဲပြားပြား သိလွယ် … ရေတွင်းဆို ရေဒွန်း လို့ ခေါ်တဲ့ အရပ်ဒေသ ရှိတယ် ။ ရေဒွန်း အသံမှာ ကိုယ့် ဧကန်ဖြစ်ခြင်းကို မြင်လွယ် … အမှတ်တံဆိပ်တစ်ခု လူသိများဖို့ရာ လို ကြော်ငြာနေရမယ့် ကုန်ပစ္စည်းမျိုးတော့ မဟုတ်ဘူး ခေတ်ပေါ် ၀တ်စားဆင်ယင်မှု ဆိုပြီး ခင်ဗျား ကို ဘယ်သူ ဂျင […]
  • ခေတ်ပေါ် အမေအကြောင်း ကဗျာ သို့မဟုတ် အမေအကြောင်း ခေတ်ပေါ်ကဗျာ သို့မဟုတ် ခေတ်ပေါ်အကြောင်း အမေကဗျာ
    အမေ့စိတ် နဲ့ အံမ၀င်ဘူး ဆိုတာ မေ့မေ့ သွားတယ် ။ နေ၀င်ရင် … မီးပြရင် … အသိုက်လေးထဲ ဘယ်အကောင် မျက်နှာညိုနေမလဲ တွေးတတ်တယ် ။ အဲဒါ အသိအမြင် မပါးနပ်မှု ပြောပြောပစ်မိ ရိုးရိုးကလေး မှ တကယ့် ရိုးရိုးကလေး ပဲ သိတာပေါ့ … ခမျာ … တတိယလှိုင်း အကြောင်းလည်း ကြားတာပဲ … စက်မှုလွန်ခေတ် ဆိုလည်း စကားစပ်လို့ ရတာပဲ … လူ့ အခွင့်အရေး နဲ့ နည်းပညာ ပေါက်ကွဲမှု တို့ ဘာတို့ … ခင်ဗျား တိတိပပ နား […]
  • စိတ်ကူးပျိုးပင်
    ကျက်သရေ” သညာလေးရေ … ငါ ပျိုးတစ်ပင် စိုက်ထားတယ် ။ ငါ့ သွေးစက်တွေလည်း မှန်မှန်လောင်းခဲ့တယ် ။ သံသယ နဲ့ ကလနားတွေကိုလည်း ပေါင်းနှုတ် ပေးခဲ့တယ် ။ သစ္စာမဲ့ခြင်းကိုလည်း ဆေးဖြန်းထားခဲ့တယ် ။ အချိန်တန်ရင်တော့ကွာ … ကြည်နူးခြင်းတွေ သီးကြမယ် ။ လွမ်းရှိုက်ခြင်းတွေ ရွက်ဖြာထွက်မယ် ။ လှိုက်မောမှု တချို့လည်း ငုံဖူးမယ် ။ နောက်ဆုံးမှာ … ကြေကြေကွဲကွဲလည်း သေဆုံးမယ် ။ ဆိုပေမယ့်လေ … မင့် […]
  • ရာဇသံ
    ကျက်သရေ” သညာလေးရေ … နှင်းဆီပျို တစ်ပင် ရဲ့ ဆူးရိုင်းနုတစ်ခက်လို ငါ့ ဘ၀ကို ခြံခြံရံရံ ပျိုးစိုက်ထားခဲ့ပါတယ် … ခြေနှစ်ဖက် အချ မှားရင်ပဲ ပြစ်ဒဏ် ဆိုတာ သင့်တတ်သတဲ့ … ဒီတစ်ခါတော့ … ပလက်ဖောင်းပေါ်က လျှောက်ကြည့်ရအောင်လား တို့တွေ နာတာရှည်ရောဂါလို တစ်ယောက် အပေါ် တစ်ယောက် ချစ်ခဲ့ကြပြီး ပဲ …။ 12th MAY 2001 Digg this! Buzz up! Stumble upon something good? Share it on Stum […]
  • အတွေးမှတ်စု
    ကျွန်တော်တို့တွေ စာတွေ ၊ ကဗျာတွေ ဖတ်ဖြစ်ကြတဲ့အခါ တချို့စာသားတွေ အတွေးမှာကျန်နေခဲ့တာမျိုး တစ်ခါတစ်ခါကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ အခု ကျွန်တော်က စိတ်ထဲကျန်နေတာ တစ်ချို့ကိုပြန်တွေးနေရင်း ရေးထား ၊ မှတ်ထားတာလေး ကို ဝေမျှချင်လာတဲ့ စိတ် တစ်ခု နဲ့ ဒီ Post ကို တင်ဖြစ်ပါတယ် …။ “အဲဒီ ဘ၀ထဲမှာ” အဲဒီ ဘ၀ ထဲမှာ ကြည်နူးမနေပါနဲ့ မင်း ဟာ မာယာကော့စကီး မဟုတ်ပါဘူး အပေး နဲ့ အယူ ဟာ […]
]]>
http://mylovecafe.com/blogs/theingarra/feed/ 0
ဂျေဂျူဝိုင် http://mylovecafe.com/blogs/jqy/ http://mylovecafe.com/blogs/jqy/#comments Fri, 27 Nov 2009 01:03:08 +0000 Admin http://mylovecafe.com/?p=126 အ၀ိဇ္ဇာကြယ်တစ်ပွင့်…
]]>
http://mylovecafe.com/blogs/jqy/feed/ 0
About http://mylovecafe.com/about/ http://mylovecafe.com/about/#comments Fri, 21 Aug 2009 13:38:18 +0000 Admin http://mylovecafe.com/?page_id=24 Myanmar Free Blog Hosting Service
Powered by Dark Tunnels Hosting
]]>
http://mylovecafe.com/about/feed/ 0
FAQ http://mylovecafe.com/faq/ http://mylovecafe.com/faq/#comments Fri, 21 Aug 2009 13:20:53 +0000 Admin http://mylovecafe.com/?page_id=22 Coming Soon…
My Love Cafe Development Blog
http://blog.mylovecafe.net
]]>
http://mylovecafe.com/faq/feed/ 0
Help & Support http://mylovecafe.com/support/ http://mylovecafe.com/support/#comments Fri, 21 Aug 2009 13:13:53 +0000 Admin http://mylovecafe.com/?page_id=18 My Love Cafe Support Forum
http://mylovecafe.com/forum
HOW-TOs
http://help.mylovecafe.com
Alternatively, please send us email to support@mylovecafe.com.
Support Chat Box
]]>
http://mylovecafe.com/support/feed/ 2